MPU Card များဖြင့် Myanmar Music Store Account သို့ ငွေဖြည့်သွင်းနိုင်ပါပြီ
MyanmarMusic Store အသုံးပြုနေသူများအားလုံးမင်္ဂလာပါ။
MyanmarMusic Store မှ မြန်မာတေးသီချင်းများအား ဝယ်ယူအားပေးကြသူများပိုမိုအဆင်ပြေစွာ ဝယ်ယူနိုင်စေရန်အတွက် ယခုအခါ Myanmar Payment Union (MPU) နှင့်ချိတ်ဆက်ထား ပြီးပြီဖြစ်ပါသည်။
Myanmar Payment Union (MPU) သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏လမ်းညွှန်မှုဖြင့်နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂိလဘဏ်များ မှ ပူးပေါင်းကာ ဖွဲ့စည်းထားမြန်မာနိုင်ငံ၏ အကြီးမားဆုံး Payment Gateway တစ်ခုဖြစ်ပြီးယခုအခါ အသုံးပြုသူပေါင်း (၂)သန်းကျော်ရှိသည်ဟုသိရပါသည်။
MPU ကိုပြည်တွင်းဘဏ်များတွင်သာမက နိုင်ငံတစ်ကာတွင်ပါအသုံးပြုနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ MPU Card ကိုင်ဆောင်သူများသည် ပြည်တွင်းဘဏ်များ၊MPU အမှတ်တံဆိပ်ပါရှိသော ATM စက်များ တွင် အသုံးပြုနိုင်ခြင်းသာမကဘဲ E-commerce Account ဖွင့်ထားသောMPU Card ဖြင့် Online Services များ ငွေပေးချေမှုများအဆင်ပြေလွယ်ကူစွာ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
အောက်ပါအတိုင်း MPU Card အားအသုံးပြုပြီး မြန်မာတေးသီချင်းများကို ဝယ်ယူနိုင်ရန်အတွက် Myanmar MusicStore Account အတွင်းသို့ ငွေဖြည့်သွင်းနိုင်ပါသည်။
အဆင့် (၁) User Profile အောက်ရှိ Redeem Menu မှတဆင့် MPU Logo ပုံအားနှိပ်လိုက်ပါ။http://www.myanmarmusicstore.com/Redeem.aspx
အဆင့် (၂) လူကြီးမင်းဖြည့်သွင်းလိုသော ငွေပမာဏကိုရွေးချယ်ပြီး Redeemခလုတ်အားနှိပ်ပါ။
အဆင့် (၃) လူကြီးမင်း၏ MPU Card ဆိုင်ရာအချက်အလက်များကို ဖြည့်စွက်ပြီး "CONFIRM PAYMENT" ခလုတ်အားနှိပ်ပါ။
အဆင့်(၄) လူကြီးမင်းဖြည့်သွင်းလိုက်သော အချက်အလက်များအားပြန်လည်ပြသခြင်းကို "CONTINUE"အားနှိပ်ပြီးအတည်ပြုပေးပါ။
အဆင့်(5) လူကြီးမင်း၏ Myanmar MusicStore Account အတွင်းသို့ဖြည့်သွင်းလိုက်သောငွေအောင်မြင်စွာရောက်ရှိသွားပြီဖြစ်ပါသည်။
"ContinueShopping" အားနှိပ်ခြင်းဖြင့် တေးသီချင်းများကို ဆက်လက်ဝယ်ယူနိုင်ပါပြီ။
ဝယ်ယူပုံနည်းလမ်းများကို သိရှိလိုလျှင် http://www.myanmarmusicstore.com/HowToPay.aspx ဖော်ပြပါလင့် အတိုင်း သွားရောက်လေ့လာနိုင်ပါသည်။