၁၉၉၉၊ ၂၀၀၀ခုနှစ်ကနေစပြီး ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလာခဲ့တဲ့ ဝေလဟာ အခုချိန်မှာတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အတိုင်းအတာ တစ်ခုလောက်ထိ ရရှိလာခဲ့ပြီဖြစ်ပါတယ်။ ပထမအခွေ ၁၉၈၂မှာတုန်းက သူ့အခွေကို ပရိသတ်တွေ သိပ်မသိလိုက်ပေမယ့် ခုဒုတိယအခွေဖြစ်တဲ့ မိတ်ကပ်မကြိုက်သော သီချင်းများ အခွေကိုတော့ အားလုံးက လက်ခံအားပေးလာတာကို တွေ့ရတာကြောင့် ဝေလနဲ့တွေ့ဆုံခိုက် ခုလို သိချင်တာတွေကို မေးမြန်းကြည့်လိုက်တဲ့အခါ
လတ်တလောအနုပညာ လှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေသလဲ။
လတ်တလောကတော့ ကျွန်တော့်ရဲ့ဒုတိယအခွေဖြစ်တဲ့ မိတ်ကပ်မကြိုက်သောသီချင်းများ ဆိုတဲ့ အခွေထွက်ထားပါတယ်။ ပြီးတော့ ကျွန်တော်အတွဲအခွေတွေမှာလည်း ဆိုထားပါသေးတယ်။
ကိုဝေလသီချင်းတွေက တစ်ပုဒ်ဆို ဆိုသလောက် ပရိသတ်တွေ ကြိုက်နှစ်သက်ကြတာ တွေ့ရတယ်ဆိုတော့ အဲဒီ့အပေါ်မှာ ကိုဝေလအနေနဲ့ ဘယ်လိုမြင်မိသလဲ။
ပရိသတ်တွေကြိုက်နှစ်သက်ကြတာကို ကျွန်တော်သိရတဲ့အတွက် အတိုင်းမသိ ကိုပဲ ဝမ်းသာမိပါတယ်။ ကျွန်တော့်ရဲ့သီချင်းတွေကို ကြိုက်တဲ့သူတွေကို ကျွန်တော်ရဲ့ပရိသတ်လို့ မမြင်မိဘူး။ ကျွန်တော် ခံစားရသလို ခံစားပေး နိုင်တဲ့ ကျွန်တော်နဲ့ အကြိုက်ချင်းတဲ့သူတွေလို့ ပဲ မြင်ပါတယ်။ သူတို့ရဲ့ခံစားမှုကလည်း ကျွန်တော့်သီချင်းရဲ့ စာသားတွေပေါ်မှာ ကျွန်တော်ကြိုက်နေသလို ကြိုက်နေဖို့လို လိမ့်မယ်လို့ မြင်ပါတယ်။
ကိုဝေလအနေနဲ့ ပရိသတ် သဘောကျနှစ်သက်စေအောင်လို့ သီချင်းတွေကို ဘယ်လိုမျိုး ခံစားစီးမျောပြီး ရေးဖြစ်သလဲဆိုတာ ပြောပြပေးပါ။
ကျွန်တော်က ပရိသတ် သဘောကျဖို့ဆိုတာထက် အရင်ဆုံး ကျွန်တော်အရင်ခံစားပြီးမှ ရေးဖွဲ့တာပါ။ ကျွန်တော်ရေးလိုက်တဲ့ သီချင်းတွေနဲ့ ပရိသတ်နဲ့ အစပ်အဟပ်တည့်သွားတဲ့ သဘောပါပဲ။
နောက်ပိုင်းသီချင်းတွေကို ဖန်တီးတဲ့အခါမှာလည်း အခုလိုမျိုး ပရိသတ်အကြိုက်ကိုပဲ ဦးစားပေးပြီးရေးဖြစ်၊ မရေးဖြစ်သိချင်ပါတယ်။
ကျွန်တော်ကတော့ သီချင်းရေးတဲ့အခါမှာ ကြိုဆိုပါ၏ သီချင်းရေးတုန်းကလည်း ကြိုဆိုပါတယ် ဆိုတဲ့အတိုင်း ဒီအတိုင်းပဲ ရေးလိုက်တာပါပဲ။ နောက်ပိုင်းမှာလည်း ဘယ်လိုပုံစံမျိုး ရေးဖြစ်သွားမယ်ဆိုတာကိုတော့ သေချာမသိသေးပါဘူး။ ကျွန်တော်က ကျွန်တော့်ရဲ့ စိတ်ခံစားချက်ပေါ် မူတည်ပြီးပဲ ရေးတာများပါတယ်။
မိတ်ကပ်မကြိုက်သောသီချင်းများ ဆိုတဲ့ ကိုဝေလရဲ့ဒုတိယအခွေအခြေအနေလေးလည်း ပြောပြပေးပါအုံး။
ကျွန်တော် ဒီဒုတိယအခွေကို သေချာလေး အကောင်းဆုံး ကြိုးစားပြင်ဆင်ထားတာပါ။ ဗီစီဒီလည်း ထွက်ရှိဖို့လုပ်နေပါပြီ။ ဒီဒုတိယအခွေကလည်း ပရိသတ်တွေကြိုက်ကြတယ်လို့သိရပါတယ်။ အဲဒီ့အတွက် အရမ်းဝမ်းသာပါတယ်။
မိတ်ကပ်မကြိုက်သောသီချင်း အခွေထဲမှာရော ပရိသတ်ကြိုက်နှစ်သက်တဲ့သီချင်းလေးရှိရင် ပြောပြပေးပါ။
ခင်လေးစိမ်းတယ် နဲ့ ပြတ်တုန်းလပ်တုန်း၂၃ သီချင်းတွေကိုတော့ ပရိသတ် သဘောကျတယ်လို့ ကြားတယ်။
အနုပညာနဲ့ပတ်သက်ပြီး ခံယူချက်သဘောထားသိပါရစေ။
အနုပညာနဲ့ပတ်သက်ပြီး ကျွန်တော်အရမ်းရူးသွပ်ပါတယ်။ ကျွန်တော်က ငယ်ငယ်ကတည်းက ဒီဂီတကိုပဲ ရူးသွပ်ခဲ့လို့ တစိုက်မတ်မတ် လုပ်လာသူဆိုတော့ ဒါပဲလုပ်တတ်သူပါ။ ဒါကြောင့် ကျွန်တော့်ဘဝအတွက် ဂီတကမရှိမဖြစ်ပါပဲ။
ရှေ့ဆက်မယ့်အနုပညာခရီးလမ်းကြောင်းပေါ်မှာ ပရိသတ်တွေအတွက် ဘာတွေချပြသွားဖို့ရှိမလဲ။
ကျွန်တော်ဂီတနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် လုပ်နိုင်သလောက်တော့ လုပ်သွား မှာပါ။ ပရိသတ်ကြီးလည်း အားပေးကြပါဦး။