First Myanmar K - Pop Concert
Myanmar နိုင်ငံရဲ့ ပထမဦးဆုံး K - Pop Concert ကို 30 - April - 2014 မှာ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံကြီးမှာ ညနေ 6:30 မှစ၍ စတင်ဖျော်ဖြေ သွားကြမှာဖြစ်ပါတယ်။ ဒီပွဲအစီအစဉ်ကို For Tune International Co,ltd ကနေ Organizer လုပ်ထားပြီး ပါဝင်သီဆိုကြမယ့် ကိုရီးယား အဆိုတော်တွေကတော့ Girl Band _ Tad - Shabet, Girl Day, TINT အစရှိတဲ့အဖွဲ့တွေနဲ့ Boyband _ M.I.B, Jung II, Young အစရှိတဲ့ အဆိုတော်တွေအပြင် အဆိုတော် ဟဲလေးနဲ့ Boby Soxer တို့ပါ ပါဝင်ထားကြလို့ ကိုရီးယားသီချင်းချစ် ပရိတ်သတ်တွေအတွက်တော့ အကြိုက်တွေ့စေမယ့်ပွဲတစ်ပွဲပါ။
လက်မှတ်တွေကိုတော့ City Market Supermarket, Ocean Super Center, မန်းသီရိတေးသံသွင်းနဲ့ 1876 တို့မှာ ဝယ်ယူနိုင်ပါပြီ။ လက်မှတ်တွေကို တစ်သောင်းခွဲကနေစပြီး တစ်သိန်းခွဲအထိ မိမိအဆင်ပြေရာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
အကယ်၍ အသေးစိတ်ပိုမိုသိရှိလိုပါက ဒီ https://www.facebook.com/kpopconcertmm Page မှာ သွားရောက်စုံစမ်းပြီးတော့ အသေးစိတ်မေးမြန်းနိုင်ပါတယ်။
ဒီသတင်းကိုတော့ 1876 သို့ ဆက်သွယ်မေးမြန်းထားခြင်းဖြစ်ပါတယ်။