သေဆုံးမှုတွေနဲပါတ်သတ်တဲ့ ကောလဟာလတွေက များသောအားဖြင့် သနားညှာတာမှုကင်းမဲ့တယ်လို့ဆိုရပါမယ်။ ဒါပေမယ့် အဲဒီ့အကြောင်းဖတ်လိုတဲ့သူတွေအတွက်တော့ ထိခိုက်စရာမရှိပါဘူး။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ site တစ်ခုက Miley Cyrus ပရိတ်သတ်တွေကိုစိတ်ပူအောင်လိမ်ညာပြီးငွေရှာဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။
Facebook ကနေအလျှင်အမြန်ပြန့်နှံ့သွားခဲ့တဲ့ ဓာတ်ပုံတစ်ခုက “(ထိပ်လန့်စရာ) Miley Cyrus ကိုသူမရဲ့ လော့စ်အိန်ဂျလိစ်မြို့ကနေအိမ်မှာ သေဆုံးနေတာကိုတွေ့ရပါတယ်။ Country အဆိုတော်ဟာ ဒီနေ့နေ့လည် လော့စ်အိန်ဂျလိစ်အိမ်မှာ မူးယစ်ဆေးအလွန်အကျွံသဲုးစွဲပြီး aသဆုံးနေတာတွေ့ရပါတယ်” လို့ဆိုပါတယ်။ ပရိသတ်တွေကဒီဓာတ်ပုံရဲ့အရူးလုပ်ခြင်းကိုတော့မခံခဲ့ရပါဘူး။ ဒါဟာသူမရဲ့ MTV တစ်ခုထဲကရယူထားတဲ့ပုံဖြစ်ပါတယ်။ Country အဆိုတော်လို့လည်းထူးထူးဆန်းဆန်းဆိုထားပါတယ်။
အင်တာနက် အသုံးပြုသူများက အဲဒီ့ဓာတ်ပုံကို click လုပ်တဲ့အခါ Facebook နဲ့တူအောင်ဒီဇိုင်းဆွဲထားတဲ့ website အတုတစ်ခုဖြစ်ကြောင်း The Epoch Times ကပြောပါတယ်။။ အဲဒီ့ site ကဒီအကြောင်းကိုမဖတ်ခင် share ပြုလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမသေဆုံးတာနဲ့ ပတ်သတ်တဲ့ စစ်မှန်တဲ့အကြောင်းတစ်ခုမှမပါပါဘူး။
ပိုဆိုးတာက Miley Cyrus တစ်ယောက်ဒီကောလဟာလနဲ့ပါတ်သတ်ပြီးတော့လည်း ကျေနပ်နေပြီး ပြန်လည်တုန့်ပြန်ခြင်းလည်းမရှိသေးကြောင်းသိရပါတယ်။ ‘သူမက အဲဒီ့သေဆုံးကြောင်းကောလဟာလကို သိပါတယ်။ ပြီးတော့ဒါဟာတကယ်ကို ရယ်စရာကောင်းတယ်လို့ထင်ပါတယ်။ ပြန်မတုန့်ပြန်ခြင်းအားဖြင့် လူတွေကဆက်ပြီးယုံနေမှာဖြစ်တဲ့အတွက် ဒါဟာ ဟာသတစ်ခုပိုဆန်သွားမှာလို့သူမကထင်ပါတယ်’ လို့အတွင်းသိတစ်ယောက်ကဆိုကြောင်း Hollywoodlife ကပြောပါတယ်။
ဒါဟာ ဒီနှစ်အတွင်း Miley Cyrus သေဆုံးပြီလို့ကောလဟာလထွက်တာ သုံးကြိမ်မြောက်ဖြစ်ပါတယ်။